သတင်းများ

စစ်ကိုင်းမြို့တွင် ဒီဇင်ဘာ အားကစားလ(ပဉ္စမ)ပတ် စုပေါင်းလမ်းလျောက်ပွဲ ကျင်းပ
Dec 31,2022
စစ်ကိုင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ပဉ္စမ)ပတ် စုပေါင်းလမ်း လျောက်ပွဲကို ဒီဇင်ဘာ(၃၁/)ရက်၊ နံနက်(၅)နာရီ(၄၅)မိနစ်က စစ်ကိုင်းမြို့ မြို့တော်ခန်းမရှေ့ စုရပ်သက်မှတ်၍ စုပေါင်းလမ်းလျောက်ခဲ့ကြသည်။
ငွေဆောင်ကမ်းခြေတွင် New Year နေ့၌ အပန်းဖြေလာရောက်သူများဖြင့်စည်ကား
Dec 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ယနေ့ဒီဇင်ဘာလ ၃၁ ရက်နေ့(New Year)နေ့၌ ငွေဆောင်ကမ်းခြေသို့ လာရောက်အနားယူအပန်းဖြေကြသော ခရီးသွားဧည့်သည်များဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။
သထုံမြို့ လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး၌ (၃၁)ကြိမ်မြောက် ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇာလသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Dec 31,2022
မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံစေတီတော်မြတ်ကြီး၏ (၃၁)ကြိမ်မြောက်ပဌာန်းဒေသနာတော်နှင့် ဗြဟ္မဇာလသုတ်‌တော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က စေတီတော်ရင်ပြင်တော်ပေါ်ရှိ သု၀ဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ
Dec 31,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ စာဖတ်ရှိန်မြင့်မားရေးနှင့် ထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယမန့်နေ့မွန်းလွဲ(၁)နာရီက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Dec 31,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အနော်ရထာလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးရပ်ကွက်ရှိ အနော်ရထာလမ်းဖွင့်ပွဲမုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေတိုက်စားမှု ကာကွယ်ရေး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေထိန်းနံရံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး
Dec 31,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နှစ်စဉ်မိုးရာသီတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှုများပြားသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့၏ဧရာဝတီမြစ်ရိုးတစ်လျှောက် ရပ်ကွက်များအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မြေထိန်းနံရံတည် ဆောက်ခြင်းလုပ်ငန်းစီမံကိန်းကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ပခုက္ကူမြို့၌ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့်လက်ရက်ကန်းခြောက်လ သင်တန်းဆင်းပွဲကျင်းပ
Dec 31,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူတစ်နှစ်သင်တန်းနှင့် လက်ရက်ကန်းခြောက်လ (ဒုတိယအကြိမ်) သင်တန်းဆင်းပွဲကို ယနေ့ နံနက်၈နာရီခွဲ အချိန်က ကျင်းပသည်။
လားရှိုးမြို့ ဆုံကွယ်ကျေးရွာတွင် (ဆောင်း)နေကြာစုပေါင်းမျိုးစေ့ချစိုက်ပျိုးခြင်းနှင့် မျိုးစေ့မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Dec 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ဆုံကွယ်ကျေးရွာတွင် ယမန်နေ့နံနက်(၉)နာရီအချိန်က (ဆောင်း)နေကြာစုပေါင်းမျိုးစေ့ချစိုက်ပျိုးခြင်းနှင့် မျိုးစေ့မြေဩဇာပေးအပ်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။