မိုင်းဖြတ် ဒီဇင်ဘာလ ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်ရေးနှင့် စံချိန်စံနှုန်း ပြည့်မီရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်နိုင်ရေး၊ ဒေသထွက် သီးနှံများနှင့် ကျွဲ၊ နွား တိရိစ္ဆာန်များ သယ်ယူပို့ဆောင်ရာ၌ ခွင့်ပြုချက်ရယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ စီမံကြီးကြပ်ဆောင်ရွက်နိုင်ရေး၊ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ မြစိမ်းရောင်ချေးငွေဆိုင်ရာ ကိစ္စရပ်များအား စီမံကိန်းရေးဆွဲ၍ စနစ်တကျသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ စီမံကြီးကြပ်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။ ထိုနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှူးအခြေအနေများ၊ ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို အသီးသီး ရှင်းလင်းညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အိမ်ထောင်စု လူဦးရေစာရင်း (Working Grup)မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးလုပ်ငန်း စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်/ ကျေးရွာအုပ်စု မြေပြင်တစ်အိမ် တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့များအား တာဝန်ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ မြို့နယ် (Working Grup) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က မြေပြင်ရှိအိမ်ထောင်စုစာရင်းအား စနစ်တကျကောက်ယူနိုင်ရေးအတွက် မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု (Working Grup) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့များမှ စနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်နိုင်ရေးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု စာရင်းကောက်ယူရေး အဖွဲ့ဝင်များ စနစ်တကျစာရင်းကောက်ယူနိုင်ရေးနှင့် စပ်လျဉ်း၍ ပြောကြားပြီး မြို့နယ် (Working Grup) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအတွင်းရေးမှူး ဦးဇော်မျိုးဝင်းက မြို့နယ်(Working Grup) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု (Working Grup) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များနှင့် စာရင်းကောက်ယူရာ၌ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ် (Working Grup) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စု မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေးအဖွဲ့များအား တာဝန်ပေးအပ်သည့် မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)