ကလေး ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/သူများ၏ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ကျောင်းသားလူငယ်များကို လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံကို သိရှိစေရန်၊ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းခဲ့စေရန်အတွက် ကြိုးပမ်းခဲ့ကြ ပုံများနှင် ကာကွယ်စောင့်ရှောက်ကြရန်တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများမှ စာစီစာကုံးပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူ များအတွက် ဆုများနှင့် လက်ဆောင်ပစ္စည်းများကို လက်ထောက်ညွှန်ကြားရေးမှူးမှ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကလေး(ပြန်/ဆက်)