တပ်ကုန်းမြို့၌  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲယှဉ်ပြိုင်

တပ်ကုန်း ဇန်နဝါရီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ  အကြိုဗိုလ်လုပွဲ ဒုတိယနေ့ပွဲစဉ်ကို ယမန်နေ့ မွန်းလွဲ ၃နာရီခွဲက မြို့နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။

အကြိုဗိုလ်လုပွဲတွင် အောင်ဇေယျရပ်ကွက်အသင်းနှင့်အနော်ရထာရပ်ကွက်အသင်းတို့ ယှဉ် ပြိုင်ကစားခဲ့ရာ အနော်ရထာရပ်ကွက်အသင်းက အောင်ဇေယျရပ်ကွက်အသင်းကို (၄)ဂိုး၊ (၂)ဂိုး ဖြင့် အနိုင်ရရှိ၍ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘောလုံးအားကစားဝါသနာရှင်များ စုစုပေါင်း ပရိသတ် (၁၀၀၀)ကျော် တက်ရောက်ကြည့်ရှု အားပေး​ခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲတွင်  အုပ်စု(က)တွင် အောင်ဇေယျရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(ခ)၊ မြဝတီရပ်ကွက်၊ စုပေါင်းအသင်း၊ အုပ်စု(ခ)တွင်  အနော်ရထာရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(က)အသင်းတို့ ပါဝင်ယှဉ်ပြိုင်၍ ပတ်လည်ကစားခဲ့ကြပြီး၊ တတိယဗိုလ်လုပွဲစဉ်ကို ဇန်နဝါရီ ၃ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့တွင် ယှဉ်ပြိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်