လောင်းလုံး မြို့နယ်တွင် (၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

လောင်းလုံး ဇန်နဝါရီ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော (၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ကြို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အ-ထ-က၊ လောင်းလုံးကျောင်း ရတနာခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲများကိုအခြေခံပညာကျောင်းများအသင်းနှင့် ဌာနဆိုင်ရာများမှအသင်း (၁၀)သင်းဖြင့် ပထမဆုံးပြိုင်ပွဲကိုဘုရင့်နောင်အသင်းနှင့် အလောင်းဘုရားအသင်းတို့မှ စတင်ယှဥ်ပြိုင်မည်ဖြစ်၍ ၎င်းပြိုင်ပွဲကို ဇန်နဝါရီလ (၂)ရက်နေ့မှ (၃)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူထံမှသိရသည်။

သိန်းသိန်း(လောင်းလုံး)