သတင်းများ

ဟင်္သာတမြို့နယ် မြို့မရဲစခန်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သရုပ်ပြလေ့ကျင့်
Jan 03,2023
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ရုံးကြီး ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ မြို့မရဲစခန်း စစ်ရေးပြကွင်းတွင် တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များအား နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အန္တရာယ်ကင်းစွာ မီးငြိမ်းသတ်နိုင်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများကို ယနေ့နံနက် ၁၀နာရီက သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
မိုးညှင်းတက္ကသိုလ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jan 03,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၃) ရက် နံနက် (၁၀) နာရီက ရတနာခန်းမ၌ ကျင်းပသည်။
မြင်းခြံမြို့တွင် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ
Jan 02,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယ‌နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ကျွန်းစုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကလေးပြိုင်ပွဲအခမ်းအနားကျင်းပ
Jan 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကလေးပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့(အကြို) စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ
Jan 02,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commynity Centre)တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ (၃၀)မိနစ်အချိန်က ကျင်းပခဲ့သည်။
ဂွမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jan 02,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်ကထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့၊ နေ့လယ်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အ-ထ-က(ဂွမြို့)ရှိ ကျောင်းသား/ ကျောင်းသူများ၊ ပြည်သူ့စာကြည့်တိုက်သို့ စာငှား၊ စာဖတ်ရန်ရောက်ရှိလာသည့် ကျောင်းသား/ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
မိတ္ထီလာမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့( Working Group)များမှ   အိမ်ထောင်စုလူဦးရေးစာရင်းမြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူ
Jan 02,2023
မိတ္ထီလာမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့(Working Group)များမှ အိမ်ထောင်စုလူဦးရေးစာရင်းမြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူခြင်းကို ယနေ့နံနက်က မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအုပ်စု ၁၀ စုတို့တွင် စမ်းသတ်ကောက်ယူခဲ့ရာ ၎င်းစမ်းသပ် ကောက်ယူခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့၌ သဇင်ပန်းများစတင်ထွက်ရှိချိန်တွင် တစ်ခက်လျှင် ငွေကျပ် ၁၅ဝဝ အထိ ဈေးကောင်းရရှိ
Jan 02,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ဆောင်းရာသီကာလပန်းဖြစ်သော သဇင်ပန်းများစတင်ထွက်ရှိချိန်ဖြစ်သည့်အတွက် ဈေးကောင်းရရှိကာ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ကလိန်အောင်မြို့ရှိ သဇင်ပန်းစိုက်ပျိုးသူများထံမှ သိရသည်။