သတင်းများ

ကလောမြို့နယ်၌သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်
Jun 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကျေးရွာနေပြည်သူများ သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက နန်းသဲကျေးရွာတွင် အသိပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ မြို့နယ်အခြေပြု ဆရာအတတ် ရက်တိုသင်တန်းဖွင့်လှစ်
Jun 05,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လက်ထောက်မူလတန်းပြအဖြစ် ခန့်ထားနိုင်ရေး လုပ်ငန်းခွင်အကြို မြို့နယ်အခြေပြု ဆရာအတတ်ရက်တို သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ရေနံချောင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း နဝဒေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အင်္ဂပူမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင်မြို့နယ်သစ်တော ဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့်သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီ ဥတုကောင်းမွန်မျှတရေး သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့်ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍၂၀၂၂ ခုနှစ်၊မိုးရာ သီသစ်ပင်စိုက်ပျိုးပွဲကိုယနေ့နံနက် ၈နာရီကအင်္ဂပူမြို့နယ်၊ တောင်မြန်အောင်တိုးချဲ့ ကြိုးဝိုင်း၊ အကွက်အမှတ်(၂၀)တွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ်ခဲ့သည်။
ဇလွန်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၌ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိများနိုးကြားစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကမ်းနားရပ်ကွက်ကျီးပင် ဆိပ်ကမ်းသာတွင် ယနေ့နံနက် ၈ နာရီအချိန်တွင် စုပေါင်းစိုက်ပျိုးခဲ့သည်။
လားရှိုးမြို့၌၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Jun 05,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ယနေ့နံနက်(၉)နာရီခွဲအချိန်က ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်း အနားကျင်းပခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ
Jun 05,2022
၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမ ခန်းမ၌ကျင်းပသည်။
ပြင်ဦးလွင်မြို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jun 05,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပွဲကို ယမန်နေ့ နံနက် (၇)နာရီက ရပ်ကွက်ကြီး (၅)ရှိ၊ ခုတင် (၃၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jun 05,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက်   ယမန်နေ့ နံနက် ၈ နာရီခွဲက  ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ကျေးရွာနေပြည်သူများနှင့် ဆရာ၊ ဆရာမများ စုပေါင်း၍ ကတ်ဖကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် ကတ်ထိုက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းခွဲတို့တွင် သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။