အောင်လံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပ

အောင်လံ ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက ကျောင်းသား/ သူများ စာကြည့်တိုက်နှင့်ရင်းနှီးစေရန် စာပေဖတ်ရှု့သည့်အလေ့အထကောင်းများဖြစ်ပေါ်စေရန် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီအသင်း ဒုဥက္ကဋ္ဌ ဦးခင်မောင်တင်က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းချက်များအား ပြိုင်ပွဲဝင်သူများ သိရှိစေရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား တက်ရောက်လာသော ဆရာ၊ ဆရာမများ ၊ ကျောင်းသား၊ ကျောင်းသူများ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲတွင် အောင်လံမြို့ရှိ မြို့ပေါ်ကျောင်း အသီးသီးမှ ပြိုင်ပွဲဝင်(၁၂)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသော ကျောင်းသား/သူ များအား ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆုများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)