နောင်ချိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ​ လေ့ကျင့်​ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နောင်ချို ဇန်နဝါရီ ၂  

(မြောက်ပိုင်း)​ကျောက်မဲခရိုင်၊​ နောင်ချိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ​လေ့ကျင့်​ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(၁) ပတ္တမြားခန်းမ၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

​ရှေးဦးစွာ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစည်သူလင်းက  အဖွင့်အမှာစကား ​​ပြောကြားရာတွင်  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်​သော မီး​ဘေးလုံခြုံ​ရေး၊ သဘာဝ​ဘေးအန္တရာယ်ကာကွယ်​ရေး၊ ရှာ​ဖွေကယ်ဆယ်​ရေးနှင့် ပြည်သူ့အကျိုးပြု​ဆောင်ရွက်​ရေးဟူ​သော ရည်မှန်းချက်များကို အ​ကောင်အထည်​ဖော်ရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအ​နေဖြင့် ပါဝင်​ဆောင်ရွက်ရန် ​လေ့ကျင့်သင်ကြား​ပေးသွားမည်ဖြစ်​ကြောင်း၊ ယခုသင်တန်းသည် ပြီးပြည့်စုံ သည်ဟု မဆိုနိုင်​သော်လည်း စုစည်းမှုအင်အားတစ်ရပ်ကို ရရှိပြီး  သင်တန်းကို အ​ခြေခံကာ ပိုမို​တောင့်တင်းတဲ့ တပ်ဖွဲ့ဖြစ်​အောင် ဆက်လက်စည်းရုံး​ဆောင်ရွက်သွားရမည်ဖြစ်​ကြောင်း၊ သင်တန်း၌အ​​ခြေခံ စစ်​ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ ရှာ​ဖွေကယ်ဆယ်​ရေးဘာသာရပ်များကို သင်ကြား​ပေးသွားမည်ဖြစ်​ကြောင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအ​နေဖြင့် မိမိတို့အား ​ပေးအပ်ထား​သော ၂၀၁၅ခုနှစ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ နည်းဥပ​ဒေများကို ​ကောင်းစွာသိရှိနားလည်ပြီး ပြည်သူများက ယုံကြည်အားထားရ​သော အရန်မီးသတ်တပ်ဖွဲ့ ဝင်များဖြစ်​အောင် ကြိုးစား​စေလို​ကြောင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစည်သူလင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းတို့မှ သင်တန်းသားများအား ဝတ်စုံများအသီးသီး ​​ပေးအပ်ခဲ့ကြ​ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား (၅၀)ဦး တက်​​ရောက်ခဲ့​ကြောင်း၊ သင်တန်းမှူးအဖြစ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦး​အောင်​ကျော်လင်းက ​ဆောင်ရွက်ပြီး သင်တန်းနည်းပြ(၅)ဦးဖြင့် သင်တန်ကို ရက်​ပေါင်း(၂၀)ကြာ ပို့ချသွားမှာဖြစ်​ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှသိရသည်။

​ထွေးငယ်၊ပြန်/ဆက်