ထန်းတပင်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ

ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းမကြီးတောင်ဘက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၄၅)အချိန်က အဆိုပါ မုခ်ဦးရှေ့တွင် ကျင်းပခဲ့သည်။

လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်မှ အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်၊ အဖွဲ့၀င်(၁)ဗိုလ်မှူး၀င်းနိုင်နှင့် မြို့နယ် စည်ပင်သာယာရေး‌ကော်မတီဥက္ကဋ္ဌ ဦး‌အောင်သုခတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ယင်းနောက်တက်ရောက်လာသော ဧည့်သည်တော်များနှင့် လမ်းသူလမ်းသားများက ကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါကွန်ကရစ်လမ်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၁၅.၈၁၁၆)သန်းဖြင့် Brightest Triple Stars ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး၊ အရှည် (၄၀၀)ပေ၊ အကျယ်( ၁၂ )ပေ၊ ဒု (၈ )လက်မရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)