(၇၅) နှစ်မြောက်စိန်ရတုလွှတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် Clean & Green City ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘောဂဝတီ (ကွန်ကရစ်) လမ်းဖွင့်ပွဲကျင်းပ

မိုးမိတ်  ဇန်နဝါရီ ၂

(၇၅) နှစ်မြောက် စိန်ရတုလွှတ်လပ်‌ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် Clean & Green City  ရန်ပုံငွေဖြင့်ရွက်သော ကွန်ကရစ်လမ်းဖွင့်ပွဲအား ယမန်နေ့ နံနက် ၈ နာရီအချိန်က လက်ခုတ်တန်းရပ်ကွက် ဘောဂဝတီလမ်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် ၂၀၂၂-၂၀၂၃  ဘဏ္ဍာ ရေးနှစ် Clean & Green City ရန်ပုံငွေဖြင့်ရွက်လျက်ရှိသော ကွန်ကရစ်လမ်း အဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်း အနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သုခ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးတင်ရှိန်တို့က အဆိုပါလမ်းမုခ်ဦးရှေ့၌ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလမ်းမှာ ယခင်က မြေသားလမ်းဖြစ်ကာ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း‌ရှေ့ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ လက်ခုတ်တန်းရပ်ကွက်ရှိ ဒေသခံမိဘပြည်သူများ အများဆုံး သွားလာသောလမ်းဖြစ်ကာ  ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမှုကြောင့် အများ ပြည်သူများ သွားလာရေးအဆင်ပြေခဲ့ကြောင်း ဘောဂဝတီလမ်းမှာ အရှည် ၁၆၆၅ ပေ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ်(၄၆.၅၅၀၄)သန်းဖြင့် တင်ဒါအောင်မြင်သည့် မြန်မာ့ရွှေလီဦးကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ခဲ့ရာ စံချိန်စံညွှန်း ပြည့်မှီစွာဖြင့် ဆောင်ရွက်ခဲ့သည်ဟု မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးတင်ရှိန်ကပြောသည်။

အဆိုပါလမ်းဖွင့်ပွဲသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ဒေသခံမိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက် အားပေးခဲ့ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)