သတင်းများ

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖူဆယ်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ
Jan 03,2023
"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အဖြစ်  ဝန်ထမ်းပေါင်းစုံ ဖူဆယ်(အမျိုးသား)ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၃)နာရီက  A21 ဖူဆယ်အားကစားကွင်း၌ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
မိုင်းယန်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်
Jan 03,2023
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့်ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စတဲ့လုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်း၌ ဆောင်းရာသီကာလ လာရောက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကား
Jan 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်းသို့ ယခုတစ်ပတ်အတွင်း လာရောက်အပန်းဖြေလည်ပတ်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့၌ မြစိမ်းရောင်စီမံကိန်းနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းဖွင်လှစ်
Jan 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်လျက်ရှိသည့် ကျေးရွာများမှ အသင်းဝင် များအား မြစိမ်းရောင်စီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
ကသာမြို့၌ ပန်းချီ၊ ပိုစတာ၊ ကာတွန်းသင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Jan 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့ ပန်းချီဆရာများအသင်းတို့ဖြင့် ပူးပေါင်း၍ ပန်းချီးသင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်အတွင်းသို့ ဗုဒ္ဓစွယ်တော်မြတ် လှည့်လည်အပူဇော်ခံ
Jan 03,2023
လွန်ခဲ့သည်နှစ်ပေါင်း (၁၀၀)ကျော်ကတည်းက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စုရှိ၊ ဇေယျာဘုံမြင့်ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဒမြတ်စွယ်တော်သည် ယနေ့နံနက်(၁၁)နာရီ အချိန်၌ ဉပဿကာများ၏ ပင့်ဆောင်မှုဖြင့် ဘိုကလေးမြို့အတွင်းသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံ ကြွရောက်ခဲ့သည်။
ဘိုကလေးမြို့နယ်မှ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနများအား မီးဘေးလုံခြုံရေး ကြပ်မတ်စစ်ဆေး
Jan 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စာမေးပွဲဖြေဆိုချိန်၌ မီးဘေးအန္တရာယ်ကြောင့် အနှောက်အယှက် ဖြစ်ပွားမှုမရှိစေရေးအတွက် ယနေ့နံနက်(၁၁)နာရီ အချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်း စာစစ်ဌာန (၂)ခုအား မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့၌ နွေရာသီ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ အခမဲ့သင်ကြားပေးလျက်ရှိ
Jan 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဧရာစေတနာ ပညာဒါန သင်တန်းကျောင်းကြီးနှင့် အဝေရာဟောန္တုဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် နွေရာသီ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများကို အမှတ်(၁)ရပ်ကွက်၊ တောကျောင်းကျောင်တိုက်ကြီးတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။