ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စုတွင် ရပ်ရွာအခြေပြု အမျိုးသမီးစက်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်
Jun 03,2022
ရပ်ရွာနေအမျိုးသမီးများ၏ လူနေမှုဘဝမြင့်မားစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် အပိုဝင်ငွေရရှိစေရေးတို့ကို ရည်ရွယ်ကာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စု၊ လဝိုင်းကျွန်းအရှေ့ ကျေးရွာတွင် ဇွန်(၂)ရက်နေ့ ညနေပိုင်းမှစတင်၍ ရပ်ရွာအခြေပြု အမျိုးသမီးစက်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားသည်။