သတင်းများ

သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဆီးတိုးပြိုင်ပွဲ ကျင်းပ
Jan 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက ခရိုင်အားကစားကွင်းအတွင်းရှိ တေဇအားကစားခန်းမ၌ ထုတ်ဆီးတိုးပြိုင်ပွဲ ဆောင်ရွက်လျက်ရှိသည်။
သံတောင်ကြီးမြို့နယ် ဗောဓိကုန်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်မှု (၁၀၀) ရာခိုင်နှုန်း ပြီးစီး
Jan 03,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုး၏ ခွင့်ပြုရန်ပုံငွေဖြင့် ဗောဓိကုန်းကျေးရွာတွင် ကျေးလက် ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေနေအား‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက် (၉)နာရီအချိန်တွင် ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ
Jan 03,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကျော်ဝင်းထက်နှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်းကာ မြို့သစ်မြို့နယ်အားကစားကွင်းတွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ၂၀၂၃-ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ကစတင်၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် အမှတ်(၁) စက်မှုသင်တန်းကျောင်း(ဆင်တဲ) စက်မှု ကျွမ်းကျင် (၂)နှစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 03,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အမှတ်(၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) စက်မှုကျွမ်းကျင် (၂)နှစ်သင်တန်း၊ အမှတ်စဥ် (၄၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သုံးထပ်ဆောင် အပေါ်ဆုံးထပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး  သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က ခန္တီရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ သတ်ပုံပြိုင်ပွဲနှင့် အသိပညာပေးဟောပြော
Jan 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ၊ မြန်မာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ ဌာနဆိုင်ရာပေါင်းစုံဘောလုံးပြိုင်ပွဲ‌နောက်ဆုံးဗိုလ်လုပွဲပြုလုပ်
Jan 03,2023
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာပေါင်းစုံဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကို ယမန်နေ့ညနေ ၃ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိမြို့နယ် ပြည်သူ့အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင်(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် Sticker Campaign ပြုလုပ်ဆောင်ရွက်
Jan 03,2023
စစ်ကိုင်းမြို့တွင် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် Sticker Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့က စစ်ကိုင်းမြို့အဝင် ရတနာပုံတံတားအဆင်းနှင့် မြို့၏အချက်အခြာကျသည့် နေရာများတွင် ခရီးသွားမော်တော်ယာဉ်များနှင့်  မော်တော် ဆိုင်ကယ်များအား (၄) လက်မပတ်လည်၊ (၇)လက်မ ပတ်လည်အရွယ်အစားအား ကျယ်ကျယ်ပြန့်ပြန့်ကပ်ပေးခြင်း Sticker Campaign ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။