ဘိုကလေးမြို့နယ်အတွင်းသို့ ဗုဒ္ဓစွယ်တော်မြတ် လှည့်လည်အပူဇော်ခံ

ဘိုကလေး မတ် ၁

လွန်ခဲ့သည်နှစ်ပေါင်း (၁၀၀)ကျော်ကတည်းက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စုရှိ၊ ဇေယျာဘုံမြင့်ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဒမြတ်စွယ်တော်သည် ယနေ့နံနက်(၁၁)နာရီ အချိန်၌ ဉပဿကာများ၏ ပင့်ဆောင်မှုဖြင့် ဘိုကလေးမြို့အတွင်းသို့ ဒေသစာရီ လှည့်လည်အပူဇော်ခံ ကြွရောက်ခဲ့သည်။

လှည့်လည် အပူဇော်ခံရာတွင် မင်္ဂလာစည်တော်၊ ဂိုးပလိတ်မယ် မင်္ဂလာဆင်တော်တို့နှင့်အတူ  ကြွချီအပူဇော်ခံခြင်းဖြစ်ပြီး ဒေသစာရီကြွချီရာ လမ်းတစ်လျှောက်၌ ဘုရား ဒါယကာ/မများမှ ကြည်ညိုသဒ္ဓါပွားများကာ လှူဖွယ်ဝတ္ထုအစုစုတို့အား ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရည်စူး ရည်မှန်း၍ လောင်းလှူဆက်ကပ် ပူဇော်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)