ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 03,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်အားကစားရုံအတွင်း ပိုက်ကျော်ခြင်းခတ် ယှဉ်ပြိုင်နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးရဲမြင့်သိန်း ၊အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပြိုင်ပွဲဝင်အသင်း(၁၅)သင်းမှ အားကစားသမားများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ အားကစား စိတ်ပါဝင်စားသည့် ပြည်သူများက ပွဲစဉ်(၁၃) အနိုင်ရအသင်းနှင့် ပွဲစဉ်(၁၄) အနိုင်ရအသင်းတို့ ယှဉ်ပြိုင်ကစားနေခြင်းကို ကြည့်ရှု့အားပေးခဲ့ကြသည်။