ကျိုင်းတုံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်းသို့ ယခုတစ်ပတ်အတွင်း လာရောက်အပန်းဖြေလည်ပတ်သူများ စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါအပန်းဖြေစခန်းသည် တောင်ကြီး-ကျိုင်းတုံလမ်းဘေး ကျိုင်းဖောင်းချောင်းအနီး၌ သဘာဝအလျောက်တည်ရှိသာ ရေပူစမ်းတစ်ခုဖြစ်ပြီး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အများပြည်သူများလာရောက်အပန်းဖြေစေရန် ဆောင်ရွက်ထားရှိကာ ဒေသထွက်အစားအစာများရောင်းချခြင်း၊ သဘာဝရေပူစမ်းဖြင့် ကြက်ဥ၊ ငုံးဥများပြုတ်စားခြင်း၊ သဘာဝရေပူစမ်းဖြင့် ရေချိုးခန်းများထားရှိခြင်းကြောင့် ယခုနှစ်ဆောင်းရာသီကာလအတွင်း အဆိုပါရေပူစမ်းကွင်းပြင်ရှိ မြက်ခင်းပြင်၌ ပြည်သူများစိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေသူများ၊ အမှတ်တရအလှဓာတ်ပုံရိုက်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)