ကသာမြို့၌ ပန်းချီ၊ ပိုစတာ၊ ကာတွန်းသင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ကသာ မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့ ပန်းချီဆရာများအသင်းတို့ဖြင့် ပူးပေါင်း၍ ပန်းချီးသင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက  လူငယ်၊ လူရွယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပန်းချီ၊ ပိုစတာ၊ ကာတွန်းသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လူငယ်များအတွက် ပန်းချီပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း စသည်တို့ကို ပြောကြားသည်။

ဆက်လက်၍ ပန်းချီဆရာကြီး ဦးကျော်ဆွေက ဖွင့်လှစ်မည့် ပန်းချီး၊ ပိုစတာ၊ ကာတွန်းသင်တန်းနှင့် ပတ်သက်၍ သင်ကြားမည့်အချိန်နှင့် သင်ကြားပြသမည့် သင်ရိုးညွှန်းတမ်းများကို ဆွေးနွေးကြရာ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ သင်တန်းဆရာ/ ဆရာမများမှ ဖြည့်စွက်အကြံပြု ဆွေးနွေးကြသည်။

ထို့နောက် ပန်းချီ၊ ပိုစတာ၊ ကာတွန်း သင်တန်းကို မတ်လ (၂၀)ရက်နေ့မှ ဧပြီလ (၁၂)ရက်အထိ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နံနက်(၉)နာရီမှ နံနက်(၁၁)နာရီ အချိန်သတ်မှတ်၍ တက်ရောက်မည့် သင်တန်းသားများအား မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ခွဲခြားသတ်မှတ်၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

ကျော်စွာ(ကသာ)