ဒေးဒရဲမြို့၌ နွေရာသီ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများ အခမဲ့သင်ကြားပေးလျက်ရှိ

ဒေးဒရဲ မတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဧရာစေတနာ ပညာဒါန သင်တန်းကျောင်းကြီးနှင့် အဝေရာဟောန္တုဖောင်ဒေးရှင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် နွေရာသီ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများကို အမှတ်()ရပ်ကွက်၊ တောကျောင်းကျောင်တိုက်ကြီးတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်များကို ကျောင်းအုပ်ဆရာတော် ဧရာရွှေမြေ ဒေါက်တာအရှင်ဥတ္တမသိရီ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများက နွေရာသီကွန်ပျူတာသင်တန်းများကို နံနက် ()နာရီက စတင်၍ သင်တန်းသား၊ သင်တန်းသူ (၈၀)ဦးအား ကွန်ပျူတာ အလုံး(၂၀)ဖြင့် အချိန်ခွဲကာ သင်ကြားပေးလျက်ရှိပြီး အင်္ဂလိပ်စာသင်တန်းများကို အခြေခံပညာ အလယ်တန်းအဆင့်မှ စတင်၍ သင်ကြားပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ (၅၁)ဦးအား အခမဲ့ သင်တန်းများအဖြစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းများကို ၂၀၂၂ ခုနှစ်၊ မတ်လ()ရက်နေ့မှ ဧပြီလ(၁၂) ရက်နေ့အထိ (၄၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း