နမ္မတူမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

နမ္မတူ ဇန်နဝါရီ ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ဇန်နဝါရီလ (၃)ရက်နေ့ နံနက် (၉)နာရီ အချိန်က အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “မင်္ဂလာနေ့သစ်ဆီသို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကာ လှုပ်ရှားအမှတ် (၁) စစ်ဗျူဟာအဖွဲ့ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲပြီး အမှတ်-၂ အခြေခံပညာ အလယ်တန်းကျောင်းရှိ ဆရာဆရာမများအတွက် ငွေကျပ် တစ်သိန်း၊ ကြက်ဥ (၂၀၀)လုံးနှင့် ခေါက်ဆွဲခြောက် (၂၀)ထုပ်အား ပေးအပ်ချီးမြှင့်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ အမှတ် (၂)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရ ထက်/ လယ်/ မူ ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး  ကျောင်းသားကျောင်းသူလေးများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။

ပညာရည်ချွန်ဆုပေးပွဲသို့ လှုပ်ရှားအမှတ် (၁) စစ်ဗျူဟာအဖွဲ့ (အရှေ့မြောက်တိုင်း စစ်ဌာနချုပ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်နိုင်ထွန်းနှင့်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ ဆက်)