ညောင်တုန်း ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးမင်းသူက မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် မီးသတ်ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး အကြောင်းအရာများအား ရှင်းလင်းပြောကြားပြီး မြို့မ စခန်းမှူး ဒုရဲမှူးညီညီက ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လုံခြုံရေးကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၃)ကို ဇန်နဝါရီလ ၂ရက်နေ့မှ ၂၇ရက်နေ့အထိ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးအား လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)