ခရမ်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ခရမ်း ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊‌ တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဆုချီးမြှင့်ပွဲ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် လူငယ်၊ လူရွယ်များက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး သက်တန်းအလိုက်ပြိုင်ပွဲများတွင် ဆုရရှိသူများကို မြို့နယ်တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ကိုမင်း (ခရမ်း)