သနပ်ပင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ရိုးရာခြင်းအလှခတ် ပြိုင်ပွဲကျင်းပ

သနပ်ပင် ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ယမန်နေ့ ညနေ ၄နာရီအချိန်က မြို့နယ်မိုးလုံ လေလုံအားကစားကွင်း၌  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရိုးရာခြင်း အလှ‌ခတ် ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်မည်ဖြစ်ရာ ယ‌မန်နေ့ ညနေပိုင်း၌ ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ပြီး  မြို့ပေါ်ရပ်ကွက်များရှိ ခြင်းအလှခတ်ဝါသနာရှင် ကစားသမား(၂၂)ဦးမှ (၅)ယောက်တစ်ဖွဲ့၊ (၆)ယောက်တစ်ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ဝင်ရောက်ယှဉ်ပြိုင်သော   ရိုးရာခြင်းအလှခတ် ပြိုင်ပွဲဝင် အသင်းများမှ  ဆုရရှိသော  အားကစားသမားများကို မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းဆွေတို့မှ  ငွေသားဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)