လဟယ်မြို့တွင် အသက်၂လမှ ၁၈လအတွင်း ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေးထိုး

လဟယ် ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၂)လမှ (၁၈)အတွင်း ကလေးသူငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် (၀၉:၀၀) နာရီအချိန် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် စတင်ထိုးနှံပေးလျက် ရှိပါသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးကို မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ ကလေးသူငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြိုနယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိပါသည်။

မြို့နယ်ပြန်/ဆက်