ဗဟန်း ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့၊ နံနက် ၉ နာရီက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရခြင်းအကြောင်းနှင့် လွတ်လပ်ရေး၏အဓိပ္ပါယ်အကြောင်းအရာများ၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမ နီလာ(ဗဟန်း)က လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံအကြောင်းအရာများကို ဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဗဟန်းမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး လွတ်လပ်ရေးနေ့အကြိုပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စန္ဒာမိုး