မင်ဘူးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဗိုလုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မင်းဘူး ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက မင်းဘူးမြို့ ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ထိုသို့ ကစားကြရာတွင် ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ လွန်ဆွဲ၊ ထုတ်စည်းထိုး၊ စားပွဲတင်တင်းနစ် ချောတိုင်တက် စသော အားကစား နည်းများ ပါဝင်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာသော အသင်းများ ယှဉ်ပြိုင်ကစားကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများ၊ အားကစားဝါသနာရှင်များ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများမှ ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ အားကစားပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများနှင့် အသင်းအဖွဲ့များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)