သတင်းများ

မဟာအောင်မြေမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ
Jan 05,2023
မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့ မိသားစုဘောလုံးပြိုင်ပွဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဘုတ်ပြင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားသုံးဦးတွဲ ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2023
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဖလား အမျိုးသားသုံးဦးတွဲ ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ် မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌   (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများနှင့် စတုဒီသာကျွေးမွေး
Jan 05,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ  ၄ ရက်နေ့တွင် ကျရောက် သော (၇၅) စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် စတုဒီသာကျွေးမွေးခြင်းများကို ယမန်နေ့ ညနေပိုင်းက မြို့မ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဗန်းမော်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 05,2023
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီတို့ ပူးပေါင်း၍ (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ‌ ၄ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
(၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဂန့်ဂေါတွင် ကျင်းပ
Jan 05,2023
(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ တွင် ဂန့်ဂေါမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပန်းခြံ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပပြီး သဝဏ်လွှာဖတ်ခြင်း အခမ်းအနားကို ဂန့်ဂေါမြို့ မြစ်သာခန်းမ၌ နံနက် ၇ နာရီတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ဖတ်ကြားသည်။
ကျိုက်ထိုမြို့နယ်တွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  နိုင်ငံတော် အလံတင်မင်္ဂလာအခမ်းအနားကျင်းပ
Jan 05,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီမိနစ်၂၀ အချိန်က  မြို့နယ်ခန်းမအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပပြုလုပ်
Jan 05,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို မြင်တင်ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မန်တုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ အားကစားပြိုင်ပွဲများ၊ ရိုးရာအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 05,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ရိုးရာယဉ်ကျေးမှုအကစုံများဖြင့် မြို့မအား ကစားကွင်းတွင် ယနေ့နံနက် (၇) နာရီမှ စတင်၍ စည်ကားသိုင်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။