သတင်းများ

ရွှေပြည်သာမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့်သဝဏ်လွှာဖတ်အခမ်းအနားကျင်းပ
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၄:၂၀ အချိန်၌ ရွှေပြည်သာမြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 05,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ် အားကစားရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပ
Jan 05,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယမန်နေ့နံနက်(၄:၂၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ  လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။
မာန်အောင်မြို့ အထက(ခွဲ)စျေးတန်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 05,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)စျေးတန်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ ညနေ ၆ နာရီက ကျင်းပခဲ့သည်။
ကျွန်းစုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့မအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ကျင်းပ
Jan 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့မပြည်သူ့ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ပွဲ ကျင်းပ
Jan 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အလေးပြုအခမ်းအနားနှင့် သ၀ဏ်လွှာဖတ်ပွဲကို ယမန်နေ့က အမှတ် (၂) ရပ်ကွက်၊ စည်ပင်သာယာပန်းခြံ၊ လွတ်လပ်ရေးကျောက်တိုင် အသစ်ရှေ့၌ ကျင်းပသည်။
အင်္ဂပူမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jan 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၇) နာရီက လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့သည်။