(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ကျောင်းသား/သူ ကလေးငယ်များအား အားကစားပြိုင်ပွဲများပြုလုပ်ပေး

ဖြူး   ဇန်နဝါရီ   ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌  ကျောင်းသား/သူ ကလေးငယ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့်ပျော်ရွှင်စေရေး၊ အားကစားစိတ်ဓာတ်များရရှိစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးအတွက်ရည်ရွယ်၍  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ကာ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲများတွင် အားကစားပြိုင်ပွဲကြီးအနေဖြင့် ဖူဆယ်ပြိုင်ပွဲနှင့် မူလတန်းအရွယ်၊ အလယ်တန်းအရွယ် ကလေးငယ်များအား မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ အိတ်စွတ်ပြိုင်ပွဲများအ​ပြင် အခြားကလေးငယ်များအတွက် ပျော်ရွှင်စေသည့် အားကစားယှဉ်ပြိုင်မှုနည်းမျိုးစုံကို ပြုလုပ်ပေးပြီးနောက်ပြိုင်ပွဲအလိုက် ဆုများရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီမြှင့်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)