ချောက်မြို့၌ (၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

ချောက် ဇန်နဝါရီ

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့၌(၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယ​နေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းအတွင်း ကျင်းပခဲ့သည်။

ဇန်နဝါရီ ၄ ရက်တွင် ကျ​ရောက်သည့်(၇၅)နှစ်​မြောက် စိန်ရတုလွတ်လပ်​ရေး​နေ့အထိမ်းအမှတ်ကို ဂုဏ်ပြု​သောအားဖြင့်​ ပျော်ပွဲရွှင်ပွဲများဖြစ်သည့် အလွတ်တန်း အမျိုးသား​ဘောလီ​ဘော၊ ပိုက်​ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ လွန်ဆွဲ၊​ ခေါင်းအုံးရိုက်ပြိုင်ပွဲများနှင့် ချောက်မြို့နယ် အ​​​ခြေခံပညာ​ကျောင်းများမှ အမျိုးသား/​အမျိုးသမီး​ ပြေးခုန်ပစ်ပြိုင်ပွဲများအဖြစ် အပြေးပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ အလျားခုန်၊ သုံးဆင့်ခုန်ပြိုင်ပွဲ(၁၀)မျိုးတို့ကို​ ဒေသခံပြည်သူများ၊​ ကျောင်းသား​/​သူများ ယှဉ်ပြိုင်ကစားကြရာ ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေး​ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်​ပေးအပ်ခဲ့​ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)