ဗဟန်းမြို့နယ်၌(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများ ဆု‌ပေးပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၅

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်ပေါင်းစုံ ဖူဆယ်ဘောလုံး၊ ပိုက်‌ကျော်ခြင်း၊ စက်ဘီးစီး၊ စစ်တုရင်၊ ပြေးခုန်ပစ်ပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီကဗဟန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ‌ရွှေနန်ယန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှု‌ရေးအသင်း၊ အဖွဲ့အစည်းများ၊ ဆရာ/ ဆရာမများ၊‌ ကျောင်းသား/ ကျောင်းသူများ၊ ဆုရအားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်၍ အားကစားပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ ဆက်)