ခရမ်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

ခရမ်း  ဇန်နဝါရီ  ၅

ရန်ကုန်တိုင်းဒေသကြီး၊‌ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၇ နာရီအချိန်က ခရမ်းမြို့ အမှတ်ရပ်ကွက်  အသီးသီးတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများတွင် ဘောလုံးပြိုင်ပွဲ၊ မီတာ ၁၀၀၊ မီတာ ၄၀၀၊ အိတ်စွပ်ပြေး၊ သံပုန်းရိုက်၊ တာရာဂိုးသွင်း၊‌ ပိုက်ကျော်ခြင်း၊ ခေါင်းအုန်းရိုက်၊ လွန်ဆွဲ၊ အုန်းသီးရိုက်၊ အုန်းသီးလု၊ ချောတိုင်တက်၊ ထုပ်ဆီးတိုး၊ မုန့်စား၊ စကောရွက်၊ ဘိလိယက်၊ ကြက်တောင်စသည့်အားကစားအမျိုး အစားများပါ၀င်ပြီး ယှဉ်ပြိုင်ကစားကြရာ ဆုရရှိသူများအား ယမန်နေ့ညနေတွင်တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်  ပေးအပ်ခဲ့ကြောင်းသိရသည်။

ကိုမင်း ( ခရမ်း )