လမ်းမတော် ဇန်နဝါရီ ၅
လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၈:၃၀)နာရီက မြမာလာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားအစီအစဥ်အရ လောကအားမာန်သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး လမ်းမတော် မြို့နယ်မြို့နယ်စီမံအုပ်ချပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းအဆင့် လူရည်ချွန်ဆုရရှိသောကျောင်းသူအားလည်းကောင်း၊ မြို့နယ်အဆင့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုစာစီစာကုံးနှင့် ပိုစတာပြိုင်ပွဲတွင်
ဆုရရှိသောကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်သင်္ချာစွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ ကျောင်းအဆင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပန်းချီနှင့်ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ Grade -4 နှင့် Grade-6 တွင် စာပေဆုရကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ Grade -7 Grade-8 Grade-9 တွင် စာပေဆုရရှိသောကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ မြို့နယ်အဆင့် ကျောင်းအဆင့် U 14 ဘောလုံးပြိုင်ပွဲတွင်ရွေးချယ်ခံရသော ကျောင်းသားများအားလည်းကောင်း၊ အမျိုးသားနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/ ကျောင်းသူနှင့်ခွင့်ရက်မပျက်ကျောင်းတက်မှန်ဆု ရရှိသောဆရာမအားလည်းကောင်း တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ကြသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက ဇာတိမာန်သီချင်း၊ မြနန္ဒာသီချင်းဖြင့် ဖျော်ဖြေသီဆိုကာအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
ကျော်ဆန်းမြင့်