နမ္မတူတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

နမ္မတူ ဇန်နဝါရီ ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဇန်နဝါရီလ (၄)ရက်နေ့ တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဇန်နဝါရီလ (၄)ရက်နေ့ နံနက် (၇)နာရီအချိန်က ပန်ဟိုက်ရပ်ကွက် (၂)ရှိ၊ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်တည်ရှိရာ မြနန္ဒာပန်းဥယျာဉ်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေ့ဦးစွာ နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးသန်းဆွေဦး ဦးဆောင်သော ဂုဏ်ပြုတပ်ဖွဲ့မှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်အလံအား လွှင့်တင်ကာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံက ပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက ဖတ်ကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ ပရဟိတအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)