ပြာသိုလပြည့်နေ့ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွား ဘုရားဖူးများဖြင့် စည်ကား

ညောင်ဦး   ဇန်နဝါရီ   ၅

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြာသိုလပြည့်နေ့တွင် ပြည်တွင်းဘုရားဖူးခရီး အမြောက်အများ လာရောက်လည်ပတ်ကြကြောင်းနှင့် သမိုင်းဝင်နာမည်ကျော် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းခရီးသွားဘုရားဖူးခရီးသွားများလာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း ဗူးဘုရားဂေါပကအဖွဲ့ထံက သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် အလွန်ရှေးကျလှသည့် ရှေးဟောင်းဘုရား ၊ ပုထိုး ၊သာသနိကအဆောက်အအုံ သုံးထောင်ကျော်ကျန်ရှိနေသေး ကြောင်းနှင့် ပြည်တွင်းဘုရားဖူးဧည့်သည်များ ရှေးဟောင်းဘုရား၊ ဂူပုထိုးများတွင်ရေးထိုးထားသည့် နံရံဆေးရေးပန်းချီများ၊ ရှေးကျလွန်းလှသည့် ဗိသုကာလက်ရာများနှင့် ပုဂံရှေးဟောင်းနယ်မြေ အတွင်းဘုရားပုထိုးမြောက်များစွာရှိပြီး တစ်ဆူနှင့်တစ်ဆူ ၊ လှိုင်ဘုရားများတွင်လျှင် မတူညီသည့် တည်ဆောက်ပုံ၊ တည်ထားပုံများအား လေ့လာဖူးမြှော်ရသည့် ပုဂံဒေသသို့ ဘယ်နှစ်ခေါက်ရောက် ရောက် လေ့လာကြည့်ရှုမှတ်သားရသည်များ အားရသည်မရှိကြောင်း ရေစကြိုမြို့ ငါးမြှာလေး ကျေးရွာမှ ဘုရားဖူးလာရောက်သည့် ဦးတိုးမောင်က ပြောကြားသည်။ ပုဂံဒေသသည် ပြည်တွင်း ဘုရားဖူးခရီးသွားများအပြင် ပြည်ပဧည့်သည်များလည်း အမြဲမပြတ်လာရောက်လျက်ရှိရာ ရောက်ရှိ လာသူတိုင်း အလွန်ကျယ်ဝန်းပြီး တစ်နေရာထဲနှင့် စုစုစည်းစည်း ရှေးဟောင်းအဆောက်အဦများ တွေ့ရှိရသည်မှာ အံ့ဩစရာကောင်းကြောင်း ပုဂံ-ညောင်ဦးနှင့် မနီးမဝေးတွင်လည်း ပုပ္ပား/တောင်က လပ်ရှိနေသေးရာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာသင့်သည့် နေရာဖြစ်ကြောင်း မြန်မာ တစ်မျိုးသားလုံး အလေးထားတန်ဘိုးထားထိန်းသိမ်းရမည့် ပုဂံဒေသဖြစ်ကြောင်း မန္တလေးမြို့မှ ဘုရား ဖူးလာရောက်သည့် မထက်ဧကရီက ပြောကြားသည်။

ပြာသိုလပြည့်နေ့ သမိုင်းဝင်နာမည်ကြီး ဘုရားများတွင် ပြည်တွင်းဘုရားဖူး ဧည့်သည်များဖြင့် မပြတ်ရှိနေသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြာသိုလပြည့်နေ့ အနယ်နယ်အရပ်ရပ်မှ ဈေးများပိတ်ခြင်းနှင့်အတူ အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်သို့လာရောက်ခြင်း ပုဂံဒေသရှိ သမိုင်းအထင်ကရဘုရားများဖူးမြှော်ကြရာ ကားထားရသည့် နေရာအခက်အခဲပင် ဖြစ်ပေါ်နေကြောင်း သိရသည်။

ကိုကြေးမုံ