မိုင်းနောင် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်မှ ညနေ(၃)နာရီအချိန်ထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ ကျေးသီးမြို့နယ် ဒုတိယပညာရေးမှူး ဦးမျိုးမင်းထွန်းက တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက ကျောင်း၏လိုအပ်ချက်များ၊ အောင်ချက် မြှင့်မားရေးကိစ္စများ ပြောကြား၍ ကျောင်းအုပ်ဆရာကြီးဦးဇော်မြင့်သိန်းက ကျောင်း၏ပညာရေး တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာပေထူးချွန်နှင့်အားကစားထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများ ဆုချီးမြှင့်ခြင်း၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ပျော်ပျော်ပါးပါး တင်ဆက်ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)