မင်္ဂလာဒုံမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ညှိနှိုင်းအစည်းအ​ဝေးအမှတ်စဉ် (၁/၂၀၂၃) ကျင်းပ

မင်္ဂလာဒုံ ဇန်နဝါရီလ ၆

ရန်ကုန်ဒေသကြီး မြောက်ပိုင်း၊ မင်္ဂလာဒုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက်  မင်္ဂလာဒုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်နှင့်အဖွဲ့ဝင်များက ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မင်္ဂလာဒုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်က ယခုကဲ့သို့ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ညှိနှိုင်းအစည်းအဝေးကို လစဉ်လဆန်းရက်တိုင်း တစ်လတစ်ကြိမ်ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တတ်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ အဖွဲ့ဝင်များအနေဖြင့် မိမိတို့မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းရှင်းရေးအတွက် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ကြရန်နှင့် စာသင်ကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာ​ကြသည့် အဖွဲ့ဝင်များကယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲများအား စာသင်ကျောင်းများတွင် ပြုလုပ်ပေးလျက်ရှိကြောင်း၊ YBS ယာဉ်များအား သတ်မှတ်ထားသည့် ဘတ်စ်ကားမှတ်တိုင်များတွင်သာ စည်းကမ်းတကျရပ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း အသီးသီးဆွေးနွေးတင်ပြကြရာ ဥက္ကဋ္ဌဦးကောင်းညွန့်မှ လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး မှာကြားခဲ့ပြီးနောက် မွန်းလွဲ (၂)နာရီခွဲအချိန်တွင် အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြတ်မွန်ခင် (ပြန်/ ဆက်)