ထားဝယ် ဇန်နဝါရီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်း အရှေ့ဘက်ခြမ်း ကျွန်းပတ်လမ်းမြေသားလမ်း ၆/၀ မိုင် လုပ်ငန်းဆောင်ရွက်မှု ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာဒက်ကြီးကျွန်းအရှေ့ဘက်ခြမ်း ကျွန်းပတ်လမ်းမှ (လျှာကျွန်းထိ) ၂၁/၆ မိုင်အနက် ၆/၀မိုင် မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ရန်ပုံငွေကျပ် ၃၃၀.၀၀၀ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိလုပ်ငန်းမှာ ၇၀% ပြီးစီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)