မိုင်းဆတ် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Talk Show ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က တစ်အိမ်တက်ဆင်းမြေပြင်ကွင်းကောက်ယူခြင်းလုပ်ငန်းနှင့် ရည်ရွယ်ချက်များ၊ တိုက်ဆိုင်စစ်ဆေးရမည့်အချက်အလက်များ၊ မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှုနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများကို မေးမြန်းဆွေးနွေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုနိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ရည်ရွယ်၍ စာရင်းကောက်ယူခြင်းဖြစ်ကြောင်း၊ Database ထည့်သွင်းထားသည့် e-ID အိမ်ထောင်စုလူဦးရေစာရင်းများအား မဲစာရင်းပြုစုရာတွင် ချိတ်ဆက်အသုံးပြုနိုင်ရေးနှင့် မြေပြင်အနေအထား တူညီမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ကြောင်းနှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)