မိုင်းဆတ် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက်(၉) နာရီခွဲတွင် အ.လ.က(ခွဲ) မယ်နင်ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားရရှိစေရန် သုတ၊ ရသ စာအုပ်များကို ဖတ်ရှုသင့်ကြောင်း၊ အားလပ်ချိန်များတွင် ဂိမ်းကစားခြင်းဖြင့် အချိန်မကုန်စေဘဲ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကာ ဖတ်ရှုလိုသည့် စာအုပ်စာစောင်များကို ရှာဖွေဖတ်ရှုစေလိုကြောင်းပြောကြားပြီး ခရိုင်ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က လူငယ်နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ရုပ်ပြကာတွန်းကို ငှားရမ်းဖတ်ရှုကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် အသိပညာပေးဓါတ်ပုံများ၊ ကျန်းမာရေး အသိပညာပေးစာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)