သာကေတ ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏ဂေါပကအဖွဲ့မှကြီးမှူး၍ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါစေတီတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နံနက်(၅)နာရီတွင် စေတီတော်ဝင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် ရဟန္တာများအား ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီးမီးများ ဆပ်ကပ်လှူဒါန်းပြီး တိုင်းသံဃာနာယကအဖွဲ့ ဥက္ကဋ္ဌ(ရွှေကျင်) ဘဒ္ဒန္တအင်္ဂီသ၊ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒနသောဘနအမှူးပြုသော သံဃာတော်အရှင်သူမြတ် (၁၁)ပါးတို့က ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နံနက်(၉)နာရီအချိန်တွင် သာကေတမြို့နယ်၊ သံဃာနာယကအဖွဲ့ဘ ဥက္ကဋ္ဌဘဒ္ဒန္တသော ဘနအမှူးပြုသော သံဃာတော် အရှင်သူမြတ် (၁၅)ပါးတို့က မဟာပဋ္ဌာန်းကျမ်းမြတ် ဒေသနာတော်ကြီးကို အလှည့်ကျ ရွတ်ဖတ်ပူဇော်ကာဇိနမာရ်အောင်စေတီတော်မြတ်ကြီး၏(၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီ(၅)ရက်မှ ဇန်နဝါရီ(၇)ရက်နေ့ နံနက်(၉)နာရီအထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ဇန်နဝါရီ(၈)ရက် နံနက်(၁၀)နာရီမှ ဇန်နဝါရီ (၁၀)ရက် ညနေ(၆)နာရီအထိ ဒေဝါပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဇန်နဝါရီ(၁၁)ရက်နေ့ ညနေ(၃)နာရီခွဲတွင် မြတ်စွာဘုရားရှင်နှင့် ရဟန္တာ(၄)ပါးအမှူးပြု၍ သံဃာတော်အရှင်သူမြတ်(၂၇၅)ပါးနှင့် သီလရှင် (၃၅)ပါးတို့ကို ဆွမ်းဆန်စိမ်း လောင်းလှူမည်ဖြစ်ကြောင်း သိရသည်။
မို့မို့သူ(ပြန်/ဆက်)