သတင်းများ

ကော့မှူး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ‌၌ စာဖတ်ဝိုင်းကျင်းပ
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး‌၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက်၁၁နာရီက စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း အားကျင်းပခဲ့‌ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Jan 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှဝန်ထမ်းများအနေဖြင့် အားလပ်သောအချိန်တွင် စာအုပ်စာပေများလေ့လာဖတ်ရှုတက်သော အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန်အချိန်မရရှိသူများအတွက် မိမိတို့ရုံးဌာနအရောက် အချိန်မကုန်လူမပင်ပန်းစေဘဲစာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရေးအတွက် ယနေ့နံနက်က ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံး‌ရှေ့၌ ငှားရမ်းပေးနေကြောင်းသိရသည်။
တံတားဦးမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 13,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ကျင်းပကြောင်း သိရသည် ။
ရွှေတောင်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးဟောပြောပွဲကျင်းပ
Jan 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် နွားမယံအုပ်စု၊ အ.လ.က ခလရ(၁၄)ကျောင်းတွင် ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးဟောပြောပွဲကျင်းပခဲ့သည်။
ပျဉ်းမနားမြို့၊ ကံဦးကျွန်းတော်ကျောင်း၌ (တတိယအကြိမ်) မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Jan 13,2023
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ (တတိယအကြိမ်) အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် ကံဦးရပ်ကွက်၊ ကံဦးကျွန်းတော်ကျောင်း၌ကျင်းပရာ ပျဉ်းမနားမြို့နယ် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ မာရ်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာဂရမထေရ်မြတ်အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်၌ စည်ပင်သာယာရေးအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် မြေသားရေမြောင်း တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Jan 13,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ  အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့်   လမ်းများ၊ တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပ‌ရေးအတွက် Flower Box များနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် ကျောင်းသား ကျောင်းသူများ အသိပညာဗသုသုတများ တိုးပွား‌လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 13,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအသိ ပညာဗသုသုတများတိုးပွား‌လာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် ခြံသာယာ(အမက)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၊ အထက(ဟိုနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (ဟိုနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။