ကာလိ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ဟိုပန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကို ယမန်နေ့နံနက်(၉) နာရီ အချိန်က အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို "စုံညီပွဲတော် တို့နွှဲပျော်" ဖြင့်ဖွင့်လှစ်ခဲ့ပြီး ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းက အဖွင့်မိန့်ခွန်းပြောကြာသည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌမှ ကျောင်း၏တိုးတက်မှုနှင့် လုပ်ဆောင်ချက်များအကြောင်းကိုလည်ကောင်း၊ အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဟွမ်မိုလှိုင်က ကျေးဇူးတင်စကားကိုလည်ကောင်း အသီးသီးရှင်းလင်းပြောကြားသည်။
ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ များနှင့် ၂၀၂၂-၂၀၂၃ ပညာသင်ရေးစုံညီပွဲတော်တွင် ကာယ၊ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေကပြခဲ့ကြောင်း သိရသည်။
အဆိုပါခမ်းအနားကို ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်း အကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ပြန်/ဆက်)