ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်တို့ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းထူးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဦးသန်းဇော်ထူးက မိမိတို့သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းဆောင်ရွက်မှု စာရင်းများအသေးစိတ်တိတိကျကျပြုလုပ်ထားရန်နှင့် မှတ်တမ်းများပြုလုပ်ထားရန် လိုကြောင်းပြောကြာပြီး ဥတ္တရခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ဒေသသန့်ရှင်းသာယာလှပစေရေးအတွက်လည်း ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ သက်ဆိုင်ဌာနများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အဆိုပါအစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)