တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို  အောင်နိုင်ရေး အလံပေးအပ်ခြင်း အခမ်အးနားသို့ တက်ရောက်

ထားဝယ်  ဇန်နဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး လက်ရွေးစင် ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကိုက ယနေ့အခမ်းအနားသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်မှ (၂၇) ရက်ထိ နေပြည်တော်မှာ ကျင်းပပြုလုပ်မည့် ပညာရေးဝန်ကြီးဌာန ဗဟိုအဆင့် အခြေခံပညာကျောင်းသား အားကစားပွဲတော်မှာ သွားရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် အောင်နိုင်ရေး အလံပေးအပ်ခြင်းဖြစ်ကြောင်း၊ ကျောင်းသားအားကစား ပွဲတော်သည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနဲ့ ပညာရည်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး အသိဉာဏ် ပွင့်လင်းမှု ပိုမိုရရှိလာစေရေး၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် အားကစား အမျိုးအစားအလိုက် ရွက်ပုံးသီးအားကစားသမားကောင်းများကို ဖော်ထုတ် ပြီးလေ့ကျင့်ပေးနိုင်ရေး တို့ အတွက်ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက မြန်မာ့အားကစားလောက ဖွံ့ဖြိုး တိုးတက်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာအောင နည်းလမ်းအမျိုးမျိုးဖြင့် အားပေးချီးမြှောက်လျက်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် အားကစားစွမ်းဆောင်ရည် အမြင့်မားဆုံး ဒိုင်းဆုနှင့် အမျိုးသား/ အမျိုးသမီး ပြေး၊ ခုန်၊ ပစ် တံခွန်စိုက် ဒိုင်းဆု၊ အမျိုးသမီး(ဘောလုံး) ရွှေတံဆိပ်ဆုများကို ရရှိခဲ့သည့် အတွက် မောင်တို့/မယ်တို့ အနေဖြင့်အလေးအနက်ထားရန်၊ တိုင်းဒေသကြီး၏ဂုဏ်ကို တည်တံ့ခိုင်မြဲ အောင်ထိန်းသိမ်းမြှင့်တင်ရန်၊ မောင်တို့/မယ်တို့ ရယူနိုင်ခဲ့သော အောင်မြင်မှုစံချိန်ထက် ကျော်လွှားအောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန်နှင့် တနင်္သာရီတိုင်းဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်မည့် အောင်မြင်မှုများကို ဆောင်ယူလာကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ကျောင်းသားအားကစားအဖွဲ့ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် အစီအစဉ်အား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး လက်ရွေးစင်ကျောင်းသားအားကစားအဖွဲ့အား ထောက်ပံ့ငွေ (၉၅၂၆၅၀၀)ကျပ်နှင့် အောင်နိုင်ရေးအလံအား ပေးအပ်ကာ တိုင်းဒေသကြီး လက်ရွေးစင်ကျောင်းသားအားကစား အဖွဲ့များကိုယ်စားအတွင်း ရေးမှူးဦးလင်းဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများများက ကျောင်းသားအားကစားအဖွဲ့အား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနူတ်ဆက်ခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)