မင်းဘူး(စကု)မြို့နယ်တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်း လူဦးရေစာရင်း ကွင်းဆင်းကောက်ယူနေမှုအား ကြီးကြပ်စစ်ဆေး

မင်းဘူး ဇန်နဝါရီ  ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့ နယ်တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ရပ်ကွက်နှင့်ကျေးရွာများတွင် လူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူနေမှုအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးသက်နှင့်  ကော်မတီအဖွဲ့ဝင်များ လိုက်ပါလျက် ရပ်ကွက်နှင့် ကျေးရွာများတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများအား လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် စာရင်းများမှန်ကန်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ် စစ်ဆေးခဲ့ပြီး အခက်အခဲများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မြို့နယ်အတွင်း အိမ်ထောင်စု လူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် ဒုမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းက ပြောသည်။

ဇေယျာထက်(မင်းဘူး)