ထန်းတပင်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (community Centre)ခန်းမ၌ ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်က ကျောင်းသား ကျောင်းသူများအား မူးယစ်‌ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဆိုသည်မှာ၊ လူငယ်များ မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သော ဆေးဝါးများစွဲစေသောအကြောင်းရင်းများ၊ အရက်နှင့်မူးယစ်ဆေး၊ မူးယစ်ဆေးအစဆေးလိပ်ကဆိုသည့်စကား၊ ကွမ်းစားခြင်းကြောင့်ဖြစ်ပွားနိုင်သော ရောဂါများစသည့်အကြောင်းအရာများဟောပြောခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးသတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ ဆက်)