ကျောက်ဆည်မြို့နယ်တွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး သံကူကွန်ကရစ်တံတား(၁)စင်းတည်ဆောက်ပေးသွားမည်ဖြစ်
May 30,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက်လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ် သက်သာစေရန်၊ မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် လမ်း၊ တံတားများတည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်း (၃၅)မိုင် (၃)ဖာလုံနှင့်(၃၆)မိုင်အတွင်း၌ သံကူကွန်ကရစ်တံတားအသစ်(၁)စင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။