ကျောက်ဆည်မြို့နယ်တွင်   မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး သံကူကွန်ကရစ်တံတား(၁)စင်းတည်ဆောက်ပေးသွားမည်ဖြစ်

ကျောက်ဆည် မေ ၃၀

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက်လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ် သက်သာစေရန်၊  မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် လမ်း၊ တံတားများတည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်း (၃၅)မိုင် (၃)ဖာလုံနှင့်(၃၆)မိုင်အတွင်း၌ သံကူကွန်ကရစ်တံတားအသစ်(၁)စင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တံတားတည်ဆောက်ရာတွင် မန္တလေးတို်င်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၈၅၀)ဖြင့် အလျား (၂၀)ပေ၊ အနံ(၂၄)ပေဖြစ်ပြီး တည်ဆောက်ရာတွင် အရည် အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါတံတား တည်ဆောက်ပြီးသွားပါ ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်း အသုံးပြုလျက်ရှိသော ပြည်သူများ၏ ဒေသထွက်ကုန်များ လွယ်ကူမြန်စွာသယ်ယူနိုင်တော့မည်ဖြစ်ပြီး ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)