ပန်း​တောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပန်းတောင်း မေ ၃၀

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သစ်တောဂေဟစနစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို  ယမန်နေ့နံနက်ပိုင်းက ပြည်-ကံမလမ်း၊ မိုင်တိုင်အမှတ် (၂၁/၁)-(၂၁/၂)ကြား၊ လက်ရဲတပ်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၀)စိုက်ကွင်း၌ စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်း သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်၍ ဒေသအပူချိန်လျော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် ကျွန်း၊ ပျဉ်းကတိုး၊ ယူကလစ်၊ မန်ဂျန်ရှား၊ မယ်ဇယ်အစရှိသည့် ပျိုးပင်(၂၃၀)ပင်တို့ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ပန်း​တောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာမှ ဦးစီးအရာရှိဦးလှိုင်ထူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများတက်ရောက်ကြပြီး မိုးရာသီသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)