သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသမှုများပြီးစီး
May 30,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီးအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တ ပညာသီရိ၏ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းစသည့် မြို့ကြီးများမှ မျက်စိ အထူးကုဆရာဝန်ကြီးများက (၂၄-၅-၂၀၂၂)ရက်နေ့မှစတင်၍ (၂၉-၅-၂၀၂၂)ရက်နေ့အထိ (၆)ရက်ကြာ အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။