သာပေါင်း မေ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စုနှင့် အင်းကလေးကျေးရွာအုပ်စုတို့ချင်း နွေ၊ မိုး၊ ဆောင်း ဆက်သွယ်သွားလာ အသုံးပြုနိုင်မည့် ပေအရှည် (၆၄၀၀'×၈')ရှိ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နိုင်ရေး ယမန်နေ့ နံနက် ၉ နာရီအချိန်ကစတင်၍ တိုင်းတာချက်များ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ လယ်စီအင်းဒုတိယဦးစီးမှူး ဦးကျော်ကျော်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် အထောက်အကူပြုအဖွဲ့ဝင်များ၊ လမ်းကော်မတီဝင်များ၊ ကျေးရွာနေပြည်သူများ စုပေါင်း၍ ထန်းဇင်လှကြို့ကုန်းကျေးရွာအုပ်စုနှင့် အင်းကလေးကျေးရွာအုပ်စုတို့ချင်း နွေ၊ မိုး၊ ဆောင်း ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်စီးပွား လူမှုကိစ္စအဝဝတို့ လွယ်ကူချောမောစွာ ဆက်သွယ်သွားလာ အသုံးပြုနိုင်မည့် ပေအရှည် (၆၄၀၀'×၈')ရှိ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာ လျားထားလျက်ရှိကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)